အစီအစဉ်



http://api.ning.com/files/pAmwxUsZIgNxXviA19OyYUC5eZo0D5BEZPDtcwtkFaNVMt9ggyKuugH7n1*T0KpWeqHCkViIRvl6gyrK6SerTbLZxGadMSEI/waterlilly.gif

အရောက်လာလှမ်းလာခဲ့သော ရွှေဧည့်သည်များ လှိုက်လှဲစွာကြိုဆိုနေလျှက်ပါ။{လမင်းစံအိမ်}

နွေးထွေးစွာကြိုဆိုလျှက်ပါ

နွေးထွေးစွာကြိုဆိုလျှက်ပါ
{လမင်းစံအိမ်}

Thursday, August 2, 2012

ဝါသနာအရမို့ပါ

အို စာရှုသူ ၀ါသနာအရ စာလေးတွေရေးမယ်ဆိုပြီးရည်ရွယ်ချက်လေးနဲ့ စာလေးတွေရေးနေခြင်းပါ။ စာရေးဆရာမလဲမဟုတ်ပါဘူးလို့ ရိုးသားစွာဝန်ခံပရစေ။ အင်တာနက်နည်းပညာတွေရဲ့ တိုးတတ်လာကြသည်နှင့်အမျှပေါ့.။လူတွေရဲ့အသိဥာဏ်တို့သည်လည်း တနှစ်နဲ့တနှစ်မတူတော့ပါ။ အင်တာနက်ချက်တင်းလေးတွေ ထိုင်ဖြစ်ရင်းကနေ တောင်လှန် မြောက်လှန် လှန်ခဲ့ရာကနေ စာရေးခြင်တဲ့ဆန္ဒလေးတွေ ရင်ထဲမှာတဖွားဖွားဖြစ်တည်ခဲ့တယ်ပေါ့။ ဒီလိုနဲ့ပဲ ဒီဘလော့လေးတခု ဖန်ဆင်းမိပါတယ်။ လူတွေမရောက်နိုင်တဲ့နေရာ စာလေးတွေ ရောက်နိုင်တယ် လို့ စာအုပ်တအုပ်ထဲမှာတွေ့ဘူးမိတယ်ပေါ့။ ခုလဲ မိမိရဲ့သိသမျှလေးတွေကို ရေးသားဖေါ်ပြခွင့်ရတဲ့ ယနေ့ အင်တာနက်လောကကြီးကို ကျေးဇူးတင်မိတယ်လေ။ ကျမလည်း ဒီအင်တာနက်ရဲ့ အတွေ့ကြုံလေးတွေကို ကောင်းကျိုးရှိခဲ့သလိုဆိုးကျိုးတွေလဲ ဒုနဲ့ဒေး မြင်တွေ့နေရတယ်ပေါ့။ ကျမတို့မြန်မာနိုင်ငံသည်လည်း တိုးတတ်လာခဲ့ပြီလို့မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပြီလို့ ဆိုလေမလားပဲ.။ကိုယ်ပိုင်သုံးနိုင်ကြတဲ့ အင်တာနက်တွေလဲများပြားလို့လာချေပြီပေါ့။ကျမ နိုင်ငံခြား တနေရာရောက်မိတော့ အားကြမိလိုက်သာလေ.။ဘူတာစောင့်နေကြစဉ် ကျောင်းသူ ကျောင်းသား လူကြီး လူငယ်တွေကစပြီး ကိုယ်ပိုင်ဖုန်းလေးတွေနဲ့ နှိပ်လို့ ဆော့ကစားနေကြတာလား အင်တာနက်တွေများသုံးနေသလားဆိုတာတော့ မသိခဲ့ရပေမဲ့ အားတော့ကြမိသား ခုလဲ ကျမတို့အမိမြန်မာပြည်မှာလည်း နိုင်ငံခြားကဲ့သို့ ကိုယ်ပိုင်ဖုန်းလေးတွေနဲ့ ဆော့ကစားနေကြသည်လား အင်တာနက်သုံးနေကြသလားဆိုတာတော့ ကာယကံရှင်တွေသာအသိဆုံးမို့ ကျမတို့မြန်မာနိုင်ငံသည်လည်း ပွင့်လင်းရာသီလေး မျှော်လင့်ခြင်းရောင်ခြည်လေးများ သန်းလာနေချိန်မှာ သူ့ဆီမှ ငါ့ဆီမှ စာလေးတွေ ဖတ် အသိခြင်းတွေဖလှယ်ကြလို့ ယနေ့ မြန်မာဆိုတာ ကမ္ဘာက သိလာတာဟာ အင်တာနက်ထွန်းကားလာလို့ ဆိုတာ ဘယ်သူုငြင်းနိုင်မှာလဲဆိုတာ..

No comments:

Post a Comment

LinkWithin