အစီအစဉ်
http://api.ning.com/files/pAmwxUsZIgNxXviA19OyYUC5eZo0D5BEZPDtcwtkFaNVMt9ggyKuugH7n1*T0KpWeqHCkViIRvl6gyrK6SerTbLZxGadMSEI/waterlilly.gif
အရောက်လာလှမ်းလာခဲ့သော ရွှေဧည့်သည်များ လှိုက်လှဲစွာကြိုဆိုနေလျှက်ပါ။{လမင်းစံအိမ်}
နွေးထွေးစွာကြိုဆိုလျှက်ပါ
နွေးထွေးစွာကြိုဆိုလျှက်ပါ
{လမင်းစံအိမ်}
Sunday, August 12, 2012
ပန်းလိုလှစေချင်သည်
 ၁။
  မိန်းမတို့ဘ၀က ပန်းလိုသဏန်ရှိသည်ဟု ကြားဖူးသည်၊ မိန်းမဟူသည်  အမှီအခို အတွယ်အတာ
နှင့် နုနယ်သောသူဟုလည်းဖွင့်ဆိုချက်ရှိသည်၊ တို့အတူ လူကြီးသူမများက  မိန်းမတို့နှင့် ပတ်သက် ၍
ဖွင့်ဆို ပြောကြားကြတိုင်း  မိန်းကလေးတို့အဖို့ ထိန်းသိမ်းနိုင်မှ တော်ကာကျမည်ဟုလည်း ပြောကြ၏။
          ဤကား....
         စေတာနာပြဌာန်းချက်လည်းဖြစ်သည်၊
         စေတာနာစကားလည်းဖြစ်သည်၊
      ကျွန်တော်မိန်းမတို့အကြောင်းကို တစ်စိုက်မတ်မတ်ရေးကာသုတေသနပြုခဲ့သည်၊ ကျွန်တော်ကကို
လက်ခုပ်သီးသြဘာ ပြုသူတွေလည်း  အများကြိးပင်၊  ဆရာတွေကလည်း သြ၀ါဒပေးသည်၊ ဒါတွေကအမှတ်
တရာဖြစ်စရာပင်။
         “ မိန်းမဆိုတာနဲ့ ပတ်သက်လို့ လူ့အတော်များများက   ဒုတိယတန်းစား နေရာထားပြီး နေရာရယ်လို့
သတ်သတ်မှတ်မှတ်မပေးချင်ကြဘူး။ မိန်းမဆိုတာ  အနာ၈တ်မျိုးဆက်သစ် တို့ရဲ့ ဘ၀ရှင်သန်ကြီးထွားစေဖို့
အဓိက ကျတဲ့ ဥယျာဉ်မှုးဆိုတာ  ဖွင့်ဆိုမပေးကြဘူး၊  တကယ်ရှိနေတဲ့မိန်းမတွေရဲ့တန်ဖိုးနဲ့ အခွင့်အရေးကို
လည်း မှန်ကန်စွာ ဖွင့်ဆိုမပေးကြဘူး ။ ပြောကြတာအပြစ်ကြိးပဲ။ ဒါဟာအမှားလဲဖြစ်တယ်။ ဒါကြောင့်မင်းအနေ
နဲ့ မိန်းမအကြောင်းရေးရင် သူတို့ရဲ့တန်ဖိုးနဲ့ အခွင့်အရေးကိုစေတနာအပြည့်နဲ့ ဖွင့်ဆိုပြဖို့မမေ့ပါနဲ့” တဲ့။
           ၂။
              မိန်းမဟူသည် “ ပန်းနှင့်တူ၏ ဖက်နှင့်တူ၏” ဟုပညာရှိများမြွက်ကြားသည့်စကားရှိသည်။  ဒါကို
မိန်းမ တို့လည်းသိကြရဲ့။ သို့သော် ဘာကြောင့်ပန်းနှင့်တူသည်။ ဘာကြောင့် ဖက်နှင့်တူသည်ကိုတိတိကျ
ကျသိပုံမရ။ စူးစမ်းမှု့လဲမပြုကြ  စူးစမ်းလျှင် အဖြေကရျင်းနေ၏။
               ပန်းနှင့်တူသည်။
              ဖက်ဆိုသည်ကလည်းနုနယ်သည့်အမျိုးအစားပင်။ ဆူးနှင့်တွေ့သည်၊ ဘယ်လိုတွေ့သည့်ဖြစ်စေ
ဖက်သည်သာပေါက်ရစမြဲ။ သည်ဥပမာကိုချိန်စက်ကြည့်လျှင် မိန်းမဟူသည် အနာခံမျိုးရယ်ဆိုသည်မှာထင်
ရှား၏။ လောက ၌ယောက်ကျားမိန်းမ၇ှိသလို၊  ယှဉ်လိုက်လျှင် အနာ ခံရသူ၊ အဝေဖန်ခံရသူ၊ ပြစ်တင်ခံရသူ
               ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာသဖြင့် မိန်းကလေးတစ်ဦး၏ ရင်ဖွင့်ချက်ကို တင်ပြလို
သည်။  ထို့အတူ  ထိုမိန်းကလေးအကြောင်းကို ပြောပြလိုသည်။ သူမက ဟော့ရမ်းသော့သွမ်းသူမဟုတ်။
သိက္ခာခြုံကာနေသူ။ ကောင်းမှု့၊ မကောင်းမှုရောပြွမ်းသည့် လောကလူသားဖြစ်သော်လည်း သူက ကောင်း
မှု့ ကိုမွေ့လျော်သူ။ မကောင်းမှု့နည်းသူ။
           သို့သော် “ ခရီးသွားသူခလုတ်တိုက်” ဟူသော်ရှေးသူဟောင်းစကားနယ်၊ သူမအဖို့ခံရဖန်များ
တော့ တုံ့ ပြန်မိခဲ့သည်။  မိန်းကဟူသည်မှာ ချစ်(သို့မဟုတ်) ခင်ပွန်းသည်၏ အဆိုးမှန်သမျှကို ခါးစည်းခံ
စားရန် လူဖြစ်လာသူမဟုတ်။
              တစ်ဖက်မှ မမှန်ကန်မှု့၊ မရိုးဖြောင့်မှု့၊  သစ္စာမရှိမှုများစွာကို  ကြိမ်ဖန်များစွာ ခံခဲ့ရသောအခါ သူကျောခိုင်းရန်ဆုံးဖြတ်သည်။  စင်စစ်မူ သူ၏ သည်းခံမှုများ သူ၏ လိုက်လျောမှုများနှင့်အတူ တစ်ဘက်လူ
၏သစ္စာမဲ့မှု့ ဖောက်ပြန်တတ်မှုနှင့် တာဝန်မကျေပွန်မှုများကို ပတ်ဝန်းကျင်ကအသိ။
            သို့တစေ သစ္စာမဲ့သူကို ကျောခိုင်းခဲ့ပြီး၊ ဘ၀နောင်ရေးအတွက် ဘ၀တစ်ခုကို သူမ ထူထော်သော
အခါ ပတ်ဝန်းကျင်မှ မိန်းကလေးကိုအပြစ်ဖို့ကြသည်။  မိန်းမဆိုးဟု  က မ္ဗည်းတင်ကြသည်။
           စစ်မူ  ဤပြဿတွင် မည်သူအပြစ်ရျိသနည်း။  လက်ရှိအဖြစ်က မြေနိမ့်ရာလှံစိုက်ခြင်းလား။
          တစ်နေ့ မိန်းကလေးနှင့်တွေ့စဉ်......
      “ သင်းတို့ကိစ္စကိုဆရာဘယ်လိုမြင်လဲ” ဟုမေးသည်။
      “ ပကတိအဖြေနေမှန်ကိုမသိ  မသိသမျှ  အကောင်းအဆိုးကို မဝေဖန်သင့်ဘူးလေ။ ကိုယ့်ဝမ်းနာကိုယ်
သာသိလို့ စကားလဲအရှိသားပဲ သင်း”
          သူမနွမ်းနယ်စွာပြုံးသည်။
           “ တစ်ခါတစ်ခါတော့ မိန်းမသားဖြစ်၇တာကို မကျေနပ်ဘူးဆရာ၊  ဘာကြောင့်ပြ ဿနာဆိုရင် မိန်း
မသားတွေကို အပြစ်ပုံချတာလဲ၊ ယောက်ကျားတွေကအသားစီးရပြီး  မိန်းမတွေကအခွင့်အရေးနည်းနေရ
တာလဲ၊ သစ္စာတရားနဲ့  အမှန်တရားကို မိန်းမသားဘက်ကလည်းပြုခွင့်ရှိသင့်တယ်”
         သူ့ကို ကျွန်တော်စာနာမိသည်၊ မိန်းမသားဆိုသည်မှာ မှီခိုအားထားသူဖြစ်သဖြင့်  အဆိုးမှန်သမျှ ခါး
စည်းခံ၇မည်လား၊ အမှန်တရားသည်ဘက်လိုက်ခြင်းမဟုတ်၊ ယောက်ျားကိုသာဦးစားပေးလျှင်“ယောက်ျား
ဝါဒ” စိုးမိုးသူချိမ့်မည်။
       တူညီမျှတမှုသည် ငြိမ်းချမ်းမှု့ဖြစ်၏ ။
     မိန်းမသားဟူသည်မှာလည်း  ခံစားတတ်သူ၊  နာကျင်တတ်သူသူ လူသားတစ်ဦး ဖြစ်သည်ကိုမမေ့သင့်
ပေ။
                ၃။
               “ မိန်းမသားတွေရဲ့  များပြားလှတဲ့ ဒုက္ခတွေထဲမှာ  အပူလောင်ဆုံးနဲ့ အကြီးမားဆုံး ဒုက္ခဟာ အိမ်ထောင်မှုဒုက္ခပဲ၊ အိမ်ထောင်ရေးက မိန်းမသားတွေအတွက် တစ်ဘ၀လုံးကိစ္စလေ”
               မိန်းမသားတစ်ဦးရဲ့ စကား၊ အမှန်တရား၏ ဖွင့်ဆိုချက် ဆိုလျှင်လဲ မမှားပေ။ လူ့လောကတွင်
မိန်းမသားတို့အတွက် အိမ်ထောင်ရေး ဒုက္ခကြုံရပြီဆိုလျှင် ရှင်လျှက်သေနေသည်နှင့်မခြားပေ။  သို့သော်
မိန်းတို့သည် အိမ်ထောင်မှုကို ခင်တွယ်မြတ်နိုးသူဖြစ်၏။
                ဘာကြောင့်  ဒုက္ခကို   ခင်တွယ်ကြသနည်း။
                ဘာကြောင့်  ဒုက္ခနွံထဲကို   ၀င်ကြသနည်း။
                အခြေခံ အကြောင်းကို ရှာဖွေလျှင် အကြောင်းတရားနှစ်ခုကိုတွေ့ရ၏။ ယင်းကား...........
          ၁။  စိတ်ကူးယာဉ်အချစ်ကြောင့်  အိမ်ထောင်ရေးဒုက္ခ ခံစားခြင်း။
          ၂။ အစဉ်အလာအရ မိဘ၀တ္တရားနှင့် အညီ  အိမ်ထောင်သိုက်မြုံနတွင်း  သွတ်သွင်းခံရသဖြင့်  ဒုက္ခ
ခံစားရခြင်း စသည်တို့ဖြစ်သည်။
              မည်သို့ဆိုစေ၊  မိန်းမသားတစ်ဦးကလဲ  စိတ်ကူးယာဉ်အချစ်နှင့်  အိမ်ထောင်မှု့နွံထဲ  တိုးဝင်ခဲ့
သည်ဖြစ်စေ၊ အစဉ်အလာအမိအဖတို့၏  စီမံခနှ်ုခွဲမှု့ဖြင့်  အိမ်ထောင်ရေး နွံတွင်းခုန်းဆင်းခဲ့သည်ဖြစ်စေ၊
အသွင့်မတူ အိမ်သူမဖြစ် ဆိုသောစကားကိုမူ သတိချပ်ရမည်။  အရာအရာတို့   ၌ တင်္ဂဒကို မကြည့်သင့်။
              အိမ်ထောင်မှုကိစ္စသည်  ကျယ်ဝန်း၏။  မျက်ဆံမွှေးတစ်ထောက်စာမဟုတ်။ မျက်စိတစ်ဆုံးကိစ္စ
ဆိုသည်ကို သတိချပ်ပါ။
              သင်ကြားချက် များစွာလည်း ရှိ၏။
          ၁။ အိမ်ထောင်ရေးကို စိတ်ကူးယာဉ်မှု့ နှင့်မတည်ဆောက်ပါနှင့်။
         ၂။ နှလုံးသား နှင့်အဆုံးဖြတ်ပါနှင့်။  ဥိးနောက်ပါ အကူယူပါ။
         ၃။ အိမ်ထောင်ဖက်ကို တခဏနှင့်  မကြည့်ပါနှင့်။
         ၄။ တစ်ဘ၀လုံး အတွက် အလေးထား  စဉ်းစားပါ။
         ၅။ ပထမ ကိုယ်ကောင်းပါစေ။
         ၆။ ဒုတိယ သူကောင်းမကောင်းကို   ကြည့်ပါ။
          ဤကဲ့သို့ပင်  မိဘတို့ဘက်မှလည်း အစဉ်အလာ ၀တ္တရားအရ ဆောင်ရွက်ရုံနှင့် တာဝန်ကျေပြီမ
ထင်ပါနှင့်။  ဆင်စီးမြင်းရံခြင်းကို မြင်လိုလျှင် ဆင်နှင်းမြင်းကန်အဖြစ်မျိုးနျင့်  မကြုံရအောင် လုပ်ပါ။
        ထို့အတူ......
        မိန်းမသားတို့ဘ၀ ပန်းလိုလှစေရန်  မိန်းမသားတို့တွင်လည်းတာဝန်ရှိပါသည်။
              ကိုယ့်တန်ဖိုး  ကိုယ်သိပါ။
              ကိုယ့် တန်ဖိုး ကိုယ်မြင့်တင်ပါ။
              ကိုယ်ပြုသမျှ ပဲ့တင်သံ  ကိုယ့်ထံပြန်လာသည်မှာ  ဓမ္မသာဖြစ်သည်ကိုမမေ့ပါနှင့်။
                                   ပန်းလိုလှ  ပန်းလိုမွေးပါစေ     
  မူရင်းရေးသားသူ (အောင်မြတ်ဦး)  
Saturday, August 11, 2012
"အဘရေ မှတ်ထားဟော့ရှော့တဲ့"
မိန်းမလေးများသည် နေတတ်ဘို့လိုသည်။ အနေမထိုင်တတ်ခဲ့ရင် ယောက်ျားသားတွေရဲ့ ဝေဖန်မှုကိုခံရတတ်စမြဲ။ အိမ်ထောင်ရှင်ကောအိမ်ထောင်မရှင်ရော နေတတ်ဘို့လိုသည်။ တချို့ ပြောနေသံကြားခဲ့ရသည်။ ဒီမိန်းကလေးတွေ နေတာထိုင်တာကိုက ဘယ်လို ညာလို ဝေဖန်သံများနားနှင့်မဆန့်ကြားရတတ်စမြဲ။ အမှန်မှာ မိန်းကလေးတိုင်းတော့မဟုတ်ပါ။ ကျမတို့ မိန်းကလေးတိုင်း လှချင်ကြသည် ပချင်ကြသည်။တခါတရဲ အလှအပရဲ့ မျက်ကွယ်မှာ ပြောဆိုခံရသည်။ အဆိုတော်မေဆွိတောင်သီချင်းရှိသည်.”ဒို့ကမိန်းကလေးဆိုတာမျိုးဟာ လှတယ်ပြောရင်ဘဘောကြတယ်”တဲ့ မလှဘယ်သူရှိမှာလဲ သို့သော်အချိန်အခါနဲ့ လှဘို့လို၏။တချို့ ၀တ်စားဆင်ယဉ်မှုသည် အန္တရာယ်ကို စိန်ခေါ်နေဘိသကဲ့သို့ ရှိခဲ့၏။ ရှိလဲရှိနေကြ၏။ ခုခေတ်အခါသည် ပြောင်းပြန်ဖြစ်နေ၏။ နိုင်ငံခြားသူအချို့က မြန်မာအ၀တ်စားကို သဘောကျလို့လား? ဒါမှမဟုတ်ပေါ်လစီလေလား တော့မပြောတတ် မြန်မာအ၀တ်စားလေး ၀တ်ထားတာတွေ့ရှိမိတော့ကျမရင်ထဲမှာ ပီတိတွေဖြာခဲ့ရသည်။ ကျမတို့ မြန်မာအမျိုးသမီးများ တချို့ ရိုးရိုးလေးဝတ်ကြသည်။ တချို့ အရမ်းခေတ်မှီလွန်းကြသည် မပေါ်တပေါ်တွေနဲ့ သွားလာနေကြသည်။ တချို့ တိုလိုက်တာမှ ကျမသည်ပင်လျှင်မကြည့်ရဲသည့် ၀တ်နေကြသည့်မိန်းကလေးတွေလဲ မြင်တွေ့နေရသည်။ ကျမလဲ လှခြင်ပါ၏။ ၀တ်ခြင်ပါ၏။ သို့သော်  မိမိ ၀တ်လိုက်ရင် ဆိုသည့် အတွေးစနဲ့ပဲ ၀တ်စားဆင်ယဉ်မှု ခေတ်စကားအရပြောရရင် “ဟော့ ရှော့= ဟော့တော့”များမ၀တ်ရဲခဲ့။ မိန်းကလေးတိုင်း လှချင်ကြသည်မှာ အပြစ်မပြောလို ကျမကိုယ်၌က မိန်းကလေးမို့ ။သို့သော် တခါက ကျမကိုယ်တွေ့တခု ကျမ အထင်ကရ မြို့တမြို့ကို သွားခဲ့တယ်ပေါ့။ ခရီးသွားဆိုတော့လဲ လူပေါင်းစုံသွားလာနေကြသည် သူ့ကိစ္စ င့ါကိစ္စ တို့ဖြင့် ခရီးသွားလို့နေကြ၏။ အသက်ငယ်ရွယ် လူရွယ် လူလတ် လူကြီး စသည်တို့ သွားလာကြသည်။ ကားဖြင့်ခရီးသွားရင်း လမ်းတနေရာ အရောက် ကျမ္မာရေးအရ အပေါ့ အလေးသွားရန်၎င်း။ အစားအစာစားသောက်ရန်၎င်း ကားကိုနာရီဝက်ခန့်နားပေးသည်။ (ခရီးသွားရာ၌ လိုအပ်သည်) တနေရာရောက်လို့ ကားဆိုက်သည်ဆိုသည်နှင့် ဈေးသည်တို့သည်လည်း ကားအနားစုဝေးရောက်လာကာ လုကာ ဈေးရောင်းကြသည်။ ထိုအထဲမှာ ခေတ်စကားအရပြောရရင်” ခပ်ဟော့ဟော့ မိန်းကလေးတယောက် “ဒီထက်ဋီကာချဲ့ပြောရရင် မပေါ်တပေါ်ဝတ်ဆင်လျှက် မိန်းကလေးတယောက် ပေါ့ အောက်ကြည့်ပြန်တော့ တိုလိုက်သာမှ မပြောနဲ့ ကျမတောင် သူ့ကိုကြာရှည်မကြည့်ရဲခဲ့။ ကျမသာ ကြာရှည်မကြည့်ရဲပေမဲ့ ကိုရွှေကာလသားတွေအဖို့မှာတော့ လူတိုင်းရဲ့ မျက်လုံးအစုံတို့သည် ထိုဈေးသည်ကလေးမလေးဆီသို့ ဒီကြားထဲ အသာမနေတတ်သော အမှန်ပြောရရင် (စေတနာ)နှင့်ပြောရှာသည့် ခပ်ရွယ်ရွယ်အဖိုးကြီးတယောက်သည် ထိုမိန်းကလေးအနားသို့ ချဉ်းကပ်လျှက် ဘာတွေပြောသည်ကိုတော့ ကျမ မသိခဲ့ပါ။ သို့သော် ထိုမိန်းကလေး မျက်နှာသည် သိသိသာသာပြောင်းလွဲသွားသည်ကိုတော့ သတိထားမိသည်။ ကျမတို့လဲ ကားနားနေစဉ် ထမင်းများစားခဲ့သည်။ တနေရာသို့ မျက်စိတချက်ဝှေ့ကြည့်မိ၏။ကိုယ်ပိုင်ကားတစီးထိုးရပ်လာသည်။ မိန်းကလေးရဲ့ ၀တ်စားမှုကတော့ နိုင်ငံခြားမင်းသမီးစတိုင်နှင့်။ဖိနပ်စီးထားသည်က ဒေါက်မြင့်ဖိနပ်။ ထိုကားပေါ်က ဆင်းလာသည်နှင့် ဒေါက်မြင့်ဖိနပ်ကြောင့်ပေလားတော့မသိ။ ဒယီးဒယိုင်ဖြစ်လျှက် အမျိုးသားခပ်ကြီးကြီး၏ လက်မောင်းကို ကိုင်လျှက် ရိုင်တိ ရိုင်တိုင် လျှောက်လို့ မိမိတို့ဆိုင်အတွင်းသို့ ၀င်လာခဲ့သည်။ ဆိုင်ထဲရှိလူအားလုံးရဲ့မျက်စိသည်လည်း ထိုမိန်းကလေးဆီသို့ သူသည် ဘယ်သူကိုမှဂရုမစိုက်။ မိမိတွေးမိလိုက်သည် ဒင်းတို့တွေရှိနေလို့ ငါတို့မိန်းမသားတွေ ပြောခံနေရတာလို့။ သူစားပွဲခုံလွတ်တနေရာသို့ ရောက်ပြီးထိုင်လိုက်သည်နှင့် ပွစိပွစိ ပြောလိုက်သည့်စကားများ လက်ထဲမှ ဖုန်းကိုလည်း အလွတ်မပေး လက်နဲ့ ကလိနေသည်။ ဖအေနှင့်သမီးလည်းမဖြစ်နိုင်။ အော် တွေ့ရကြုံရ ဒုက္ခ။ ဒီလိုနဲ့ မိမိတို့ စီးနင်းလာသည့်ကား အချိန်ပြည့်သည်နှင့် ပြန်လည်ထွက်ခွာဘို့စပါယ်ယာ လိုက်အော်လို့နေသည်။ မိမိလည်း နေရာယရန်ကားပေါ်တတ်ခဲ့သည်။ ခရီးသည်များ စုံသလောက်ဖြစ်နေသည် ထိုအချိန်တွင် အောက်မှ ပြောလိုက်သည့်စကားတခွန်းကျယ်လောင်စွာ အော်လျှက် “အဘရေ မှတ်ထား အဲဒါ ဟော့ရှော့တဲ့။ သမီးတို့လည်း အဲဒီလိုလေးဝတ်မှ ဈေးရောင်းရသည်ဟူသတတ်” မိမိသည် ထိုအခါမှ မိမိနဖူးကို ဖတ်လို့ ရိုက်ပြီး အဘိုးကြီးပြောသောစကားသည်စေတနာဖြင့်သာဖြစ်နိုင်သည်လို့..။
Friday, August 10, 2012
ဗုဒ္ဓဘာသာကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်
အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို
“ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး” ဘာသာတရားအဖြစ် ဆုချီးမြှင့်ခဲ့ပါ အဆိုပါ အထူးတစ်လည်ချီးမြှင့်ခဲ့တဲ့ဆုကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်၂၀၀ ကျော်က ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေး ခေါင်းဆောင် အများစုက အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက်ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။
ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးက ပြောဆိုခဲ့ရာတွင်…
အဆိုပါအဖွဲ့ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့
ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။
တစ်ခြားဘာသာများနဲ့ မတူတာကအဲဒါပါပဲ။ တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင်သာ
မှားယွင်းခဲ့ယင်ဆိုတဲ့ အတွေးနဲ့ လက်နက်တွေကို အရံသင့် ထားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကို တွေ့ရဖို့
အတော်ခဲယဉ်းပါတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ့အထနဲ့ ဆန့်ကျင်စွာပဲ
ဗုဒ္ဓဘာသာဟာ ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာ သူများကို
ဟောကြားခဲ့တာပါပဲ” လို့ဆိုခဲ့ပါတယ်။
Belfast မြို့မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော့ ကက်သလစ်သာသနာကို မြတ်နိုးကိုကွယ်ပေမယ့် လူသားတွေကိုမေတ္တာဂရုဏာထားရန် ဟောကြားပြီး
လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ့ အလိုဆန္ဒ နားလည်ပါတယ်လို့ ပြောကြတာက
စိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ။ ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။
ပါကစ္စတန်က မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။
အဆိုပါအဖွဲ့ကြီးရဲ့ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာ မဲပေးရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော်ဟာ အစ္စလာမ်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ သို့သော်လည်း
ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး အမျက်ဒေါသတွေထွက်ကြ၊ သွေးမြေကျကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။
ပြောရယင်ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ ”လို့ပြောခဲ့ပါတယ်။
အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့
“ကျွန်တော်လဲ ကျွန်တော့်ဘာသာဖြစ်တဲ့ ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်။
ကိုယ့်ဘာသာမို့ကိုယ် ဒါဟာကမ္ဘာ ပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့ လည်းထင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရယင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံ အားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် အခုလို မဲပေးလိုက်ပါတယ်” လို့ ပြောလိုက်ပါတယ်။
>>>>> သို့သော် စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ့ကြီးအနေဖြင့် ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။ သူတို့ ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံး က ထိုဆုကိုလက်ခံဖို့ ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။
>>>>> အဘယ်ကြောင့် ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်း မေးမြန်ခဲ့ရာ
မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီး ဂုရတ္တက “ယခုလိုမိမိတို့ဘာသာကို အသိအမှတ်ပြု
ချီးမြှင့်သည့် အတွက် ၀မ်းမြောက် ကျေးဇူးတင်ကြောင်း၊ သို့သော် ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှုနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာ ရရှိနိုင်သည့် လူသား အားလုံးကို မိမိတို့ မျှဝေပေးအပ်ပါကြောင်း…” မိန့်ကြားခဲ့ပါတယ်။
ထီပေါက်သမျှ ဒေါ်လာ ၁၁.၂ သန်းအကုန်လှူသည့် အဘိုးနဲ့ အဘွား.
ငွေဆိုတာ သုံးတတ်ယင်မိတ်ဆွေ၊ မသုံးတတ်ယင်ရန်သူ ....
Allen and Violet Large, both in their 70s, said their good fortune earlier this year had been a
'big headache' and they had decided against going on a spending spree.
ဒေါ်လာ ၁၁.၂ သန်း ထီပေါက်ခဲ့ သည့် ကနေဒါနိုင်ငံသား ဇနီးမောင်နှံ အဘိုး၊အဘွားတို့ နှစ်ဦးဟာ ထိုငွေ
များအားလုံး ( နီးပါး ) ကို မိတ်ဆွေသူငယ်ချင်းများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ အစည်းများနှင့် ဆေး
ရုံများသို့ ခွဲဝေပေးအပ် လှူဒါန်းခဲ့ လိုက်ကြပါတယ်...
ယခုနှစ်အစောပိုင်းက ထီပေါက်ပြီးရခဲ့ သည့် ထိုငွေကြေး စည်းစိမ်များဟာ ၎င်းတို့ အတွက်တော့ ခေါင်းခဲစ
ရာ ကြီးလိုဖြစ်နေခဲ့ ပြီး သုံးဖြုံးမပစ်ဖို့ လည်း ဆုံးဖြတ်ခဲ့ ကြတယ်လို့ အသက် ၇၀ ကျော်ရှိနေကြပြီဖြစ်တဲ့ အ
ဘိုး အယ်လင် နှင့် အဘွား ဗိုင်အိုလက်လာ့ ဂ်ျ တို့ က တိုရန်တို သတင်းစာကိုပြောကြားခဲ့ ကြပါတယ်...
" အယင်တုံးကလည်း ဒီလိုမျိုးမရှိခဲ့ ဖူးတာမို့ နှမြောလွမ်းဆွတ်နေစရာမလိုပါဘူး..." လို့ အသက် ၇၈ နှစ်ရှိ
အဘွားက ဆိုပါတယ်...
အဘွားနှင့် အသက် ၇၅ နှစ်ရှိ အဘိုးဘယ်လင် တို့ ဟ ငွေတွေကို သိမ်းထားမည့် အစား ပေးကမ်းပစ်တာက
ပိုကောင်းတယ် လို့ ဆုံးဖြတ်ခဲ့ လိုက်ကြပြီး အခုလိုပေးဝခဲ့ ကြတဲ့ အပေါ်မှာလည်း စိတ်အနှောက်အယှက် လုံး
ဝ မရှိခဲ့ ကြပါဘူး....
Local institutions in Truro, Nova Scotia, were among the lucky recipients of the Larges' windfall
အေးချမ်းဆိတ်ငြိမ်တဲ့  အဘိုးတို့ ဇနီးမောင်နှံနေတဲ့ ဒေသလေး....
အိမ်ထောင်သက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အဘိုးတို့ ဇနီးမောင်နှံဟာ အွန်တာရီယိုမြို့ မှာ နှစ်ပေါင်း ၃၀ ကြာ နေ
ထိုင်လုပ်ကိုင် စုဆောင်းခဲ့ ကြပြီးနောက် ပိုမိုအေးချမ်းဆိတ်ငြိမ်စွာနေနိုင်ဖို့  ထိုမြို့ ကနေ ထရိုနိုအောက်ပိုင်
ဒေသရှိ နိုဗာစကိုရှာမြို့ ကလေးကို ၁၉၈၃ ခုနှစ်မှာပြောင်းရွှေ့ နေထိုင်ခဲ့ ကြပါတယ်...
အဘိုးအယ်လင် ကဂဟေဆော်သူအဖြစ် နှစ်ပေါင်း ၃၀ အလုပ်လုပ်ခဲ့ ပြီး အဘွား ဗိုင်အိုလက် ကတော့ မုန့် 
စက်ရုံများ၊ အလှပြင်ပစ္စည်းစက်ရုံများမှာ အလုပ်လုပ်ခဲ့ ပါတယ်....
" သန်းကြွယ်သူဌေးတွေမဟုတ်ပေမယ့်  ကျူပ်တို့ မှာ ပြည့် စုံဖူလုံပြီး ကျေနပ်နှစ်သက်ရောင့်  ရဲပါတယ်..."
လို့ အဘိုး အယ်လင် ကလွန်ခဲ့ သည့် ဂျူလိုင်လက ထီမပေါက်မှီ ၎င်းတို့ ရဲ့ ငွေကြေးအခြေအနေကိုပြောပြ
ခဲ့ ပါတယ်...
ထိုအချိန်မှာပဲ အဘွား ဗိုင်အိုလက် ဟာကင်ဆာရောဂါအတွက်ဆေးကုသမှုခံယူနေရပြီး ၎င်းတို့ ကို လူလိမ်
လူညာများက လှည့် ဖျားသွားမှာကိုတော့ သူတို့ ဇနီးမောင်နှံက စိုးရိမ်ခဲ့ ကြပါတယ်...
" တို့ ထီပေါက်လို့ ရခဲ့ တဲ့ ငွေက ဘာမှမဟုတ်ပါဘူးကွယ်...တို့ မှာ ချစ်ခင်မြတ်နိုး၊ တန်ဖိုးထားစရာ တစ်ဦး
နဲ့ တစ်ဦး ရှိနေခဲ့ ကြပြီပဲ...." လို့ အဘိုး အယ်လင် က တိုရန်တို သတင်းစာကိုပြောကြားခဲ့ ပါတယ်..
အဘွားဗိုင်အိုလက် ကတော့ သူမရဲ့ ရောဂါအခြေအနေကြောင့် ခွဲစိတ်ကုသခံခဲ့ ရပြီး လွန်ခဲ့ သည့် အပါတ်
ကလည်း ဓါတ်ရောင်ခြည်ဖြင့် ကုသခံခဲ့ ရပါသေးတယ်...
အဘိုးနဲ့ အဘွားတို့ ရဲ့ ထီပေါက်လို့ ရတဲ့ ငွေ ၁၁၂၅၅၁၇၁ ဒေါ်လာ အားလုံးကိုခွဲဝေလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ တဲ့ 
အတွက် အများစုရရှိမယ့် နေရာများကတော့ ထရူရို၊ ဟာလီဖက်စ် နှင့် နိုဗာစကိုရှာ ဒေသများမှ ဆေးရုံများ
ပဲဖြစ်ပါတယ်...
nova scotia
ဒီဒေသကဆေးရုံးတွေနဲ့ လူမှုဝန်ထမ်းအဖွဲ့ အစည်းတွေက အလှူငွေတွေရကြတယ်...
Hospitals and charities in Lower Truro (pictured), Nova Scotia, were among the lucky
recipients of the Larges' windfall
၎င်းတို့ မိသားစုအတွက် အနည်းငယ်မျှသာချန်ထားပြီးနောက် အဘိုးအဘွားတို့ ဇနီးမောင်နှံဟာ ၎င်းတို့ ကူ
ညီလှူဒါန်းချင်သည့်  ဒေသခံမီးသတ်ဌာန၊ ဘုရားရှိခိုးကျောင်းများ၊ သုဿာန်များ၊ ကြက်ခြေနီအဖွဲ့ များ၊
ကယ်တင်ခြင်းတပ် ( ခရစ်ယာန်လူမှုဝန်ထမ်းအဖွဲ့ ) တို့ ကိုပေးဝေလှူဒါန်းခဲ့ ကြပါတယ်...
အဘွားဗိုင်အိုလက် ဆေးကုသမှုခံယူခဲ့ သည့် ဆေးရုံများ၊ ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့ အစည်းများ၊
( အသက်အရွယ်ကြီးသူများဖြစ်လေ့ ရှိသည့် ) အယ်ဇိုင်းမားရောဂါ၊ ဆီးချိုရောဂါ ကုဆေးရုံများ ဟာလည်း
အဘိုးတို့ ဇနီးမောင်နှံရဲ့ ရက်ရက်ရောရောပေးလှူတဲ့ အထဲမှာ ပါဝင်ခဲ့ ပါတယ်...
အဘိုးတို့ ဟာ ဘယ်အဖွဲ့ အစည်းကို ဘယ်လောက်လှူဒါန်းခဲ့ တယ်ဆိုတာ ထုတ်ဖ်ာမပြောခဲ့ ကြပေမယ့် ၎င်း
တို့ အနေနဲ့ လက်ခံရရှိခဲ့ ကြတဲ့ ကျေးဇူးတင်ကြောင်း ဖုန်းဆက်စကားများ၊ ဂုဏ်ပြုစာများအတွက် ကျေးဇူး
တင်မိ၊ ရိုကျိုးနှိမ့် ချမိပါတယ်လို့ လည်း ပြောကြားခဲ့ ပါတယ်....
" အခုလို လှူဒါန်းလိုက်ရလို့ အဘွားကတော့ စိတ်ချမ်းသာပါတယ်...အဲဒီပိုက်ဆံတွေနဲ့ ကောင်းမှုတွေအများ
ကြီး လုပ်ခဲ့ ရပြီလေ...အဘွားတို့ ကတော့ ကံကောင်းပါတယ်...ဘာမှ စိတ်ညစ်စရာ ( မကျေနပ်စရာ ) မရှိ
ပါဘူး..." လို့ အဘွားဗိုင်အိုလက် ကဆိုခဲ့ ပါတယ်...
ဘ၀နေ၀င်ခါနီးမှာ စိတ်ရှင်းရှင်းနဲ့ ကောင်းမှုတွေလုပ်နိုင်ခဲ့ တဲ့ အဘိုးအဘွားမောင်နှံရဲ့ မြင့် မြတ်တဲ့ ၊ စွန့် 
လွှတ်ဝံ့ တဲ့ စိတ်ထားနဲ့ ကြည်နူးဆွတ်ပျံ့ ဖွယ်အကြောင်းလေးပါပဲ....
သမီးမိုက်လေးမိတင်မြ ခုတော့ မြေခသွားပြီပေါ့..
စာရှု့သူများကို ညောင်လေးပင်မြို့ ရွာလယ်ရွာမှ တကယ်ဖြစ်ပျက်ခဲ့တဲ့ မတင်မြရဲ့ အဖြစ်အပျက်ကို တင်ပြပါဦးမယ်။ ရွာလယ်ရွာသည် ညောင်လေးပင်မြို့နယ်အတွင်းမှာ တည်ရှိပါတယ်။ ရွာသူရွာသားများသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြပြီး အလွန်ရိုးသား၍ ကြိုးစားသူများဖြစ်သည်။ တစ်ဦးကိုတစ်ဦးလည်း ကူညီကြပါသည်။ ရွာသူရွာသားများသည် အချင်းချင်းစည်းလုံး ညီညွှတ်စွာဖြင့် စောင့်ရှောက်နေထိုင်ကြပါသည်။
ရွာအလယ်ပိုင်းမှ လယ်သမားကြီး ဦးမြအောင်နှင့်ဒေါ်တင်နုတို့ မိသားစုတွင် မတင်မြဟုခေါ်တဲ့ သမီးတစ်ယောက်ရှိလေသည်။ မတင်မြသည် အသက် (၁၅)နှစ်အရွယ်ရှိ အပျိုမလေးဖြစ်လေသည်။ မတင်မြသည် အရပ်ရှည်၍ အသားဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသည့် တောသူမလေးဖြစ်သည်။ ပဉ္စမတန်းကျောင်းသူဖြစ်၍ စာရေးစာဖတ်တတ်ပြီး ဉာဏ်ကောင်းသူလေးဖြစ်သည်။ မတင်မြသည် သူငယ်ချင်းအပေါင်းအသင်းအပေါ်တွင် အနစ်နာခံပေါင်းသင်းဆက်ဆံသော်လည်
း မိဘများအပေါ် ဆက်ဆံရာတွင် စကားပြောဆိုမှအစ ရိုင်းစိုင်းပြီး မိဘကျေးဇူးကိုပင် မသိတတ်သူလေးဖြစ်ပါသည်။
မိဘနှစ်ပါး၏ လုပ်ငန်းကိစ္စအ၀၀ကို ၀ိုင်းဝန်းကူညီလုပ်ကိုင်ရမှန်းမသိတတ်သည့်အပြင် ကျောင်းမှပြန်လာလျှင် လွယ်အိတ်ဘေးချပြီး အမေချက်ထားတဲ့ထမင်းဟင်းကို ခူးခပ်စားသောက်ပြီး ဟင်းမကောင်းပါက အမေအား ရန်လုပ်ပြောဆိုလေ့ရှိသည်။ မိခင်ကြီးသည် ဖခင်လယ်ထဲမှ ပြန်လာလျှင်စားဖို့ ဟင်းကိုခွဲ၍ ချန်ထားလို့မရဘဲ “အမေတို့များ သူ့လင်ကြီးအတွက် သိတတ်လိုက်တာ၊ ဒီမှာဟင်းတွေရှိရဲ့သားနဲ့ မရှိဘူးတဲ့” ဆိုပြီး ချန်ထားတဲ့ဟင်းများကိုရှာကာ မတင်မြသည် စားပစ်တတ်သည်။
မတင်မြသည် အစားအသောက်မက်မောရုံသာမက အလှအပကိုလွန်စွာ မက်မောလေသည်။ မျက်နှာသနပ်ခါးနဲ့ ပေါင်မှာသေးစီးကြောင်းနဲ့ဆိုသည့် မိန်းကလေးမျိုးဖြစ်ပါသည်။ ထဘီကို ကွင်းလုံးချွတ်၍ အကျီ င်္ကိုလည်း တွေ့ကရာနေရာမှာ ပစ်ထားသဖြင့် မိခင်ကြီးက လိုက်သိမ်းရသည်။ အိပ်ယာကိုလည်း ထလျှင်မသိမ်းသဖြင့် ဖခင်ကြီးက သိမ်းပေးရသည်။ မိဘနှစ်ပါးသည် မတင်မြကို ခက်ခက်ခဲခဲ အသက်လုမွေးခဲ့ရသဖြင့် တစ်ဦးတည်းသော သမီးလေးမို့ အလိုလိုက်ခဲ့သော်လည်း အမိုက်စော်ကားသူဖြစ်သည်။
ဒေါ်တင်နုသည် အသက်လေးဆယ်ကျော်မှ ကိုယ်ဝန်ရှိလာသည်။ ကိုယ်ဝန်အရင့်အမာဖြစ်သောအခါ မီးဖိုချောင်ကိစ္စများကို မတင်မြအား ခိုင်းရလေသည်။ မိခင်ကြီးခိုင်းသမျှကို မတင်မြသည် မလုပ်ချင်၍ ပါးစပ်က ပွစိပွစိပြောပြီးမှ လုပ်သည်။ ဒေါ်တင်နုသည် အလေးအပင်မှအစ သမီးကိုမခိုင်းပဲ ကိုယ်တိုင်လုပ်သည်။ ဒေါ်တင်နုမီးဖွားချိန်တွင် ကိစ္စအ၀၀ကို မတင်မြက အားလုံးလုပ်ရသဖြင့် ဒေါသဖြစ်ပြီး မကျေမနပ်ဖြစ်လေသည်။ ကျောင်းပျက်၍လည်း စိတ်ညစ်နေသည်။ ဒေါ်တင်နုသည် သားငယ်လေး မွေးဖွားပြီး မကျန်းမာ၍ ညနေစာစားရန် သမီးဖြစ်သူကို ခိုင်းရပြန်သည်။ သမီးဖြစ်သူသည် ဆန်ဆေးနေရင်းက အမေခိုင်းသည်ကို မလုပ်ချင်သဖြင့် ဆန်အိုးကိုပစ်ချပြီး “တော်တို့အလုပ်ချည်းပဲ၊ ကိုယ့်လင်နေမကောင်းတာ ပြုစုချင်ယင် ကိုယ်ဟာကိုယ်ထလုပ်ပါလား” လို့ ပြန်ပြောလေသည်။
မတင်မြသည် မကြားဝံ့ မနာသာစကားကိုပြောပြီး မိခင်ကိုရန်လုပ် ဆောင့်အောင့်နေလေသည်။ မိခင်ကြီးက ဒေါသဖြစ်၍ မီးဖိုခန်းအတွင်းသို့ ထသွားပြီး “မတင်မြ ဘယ်လိုစကားမျိုးပြောလိုက်တာလဲ၊ အမေနှင့်အမေကိုလဲ စော်ကားပြစ်မှားလိုက်တာ မွေးရကျိုး မနပ်ဘူးလို့” ပြောလေသည်။
“ဟဲ့... တင်မြ၊ ငါသမီးဖြစ်ဟဲ့လို့ ဆုတောင်းပြီး ရလို့လားလို့ ပြောပါဦး” ဟုပြောလေသည်။
“တော်တော့ တင်မြ၊ ညည်းလုပ်ချင်မှလုပ်၊ စကားတွေက လွန်လာပြီ”
“လွန်တော့ကော ဘာဖြစ်လဲ မှန်တာပြောလို့ တော်ကနာနေတာလား”
“ညည်း ငါ့ကိုပြန်မပြောနဲ့၊ ငါလုပ်လိုက်ရ”
“လုပ်ရဲလုပ်ကြည့်လေ၊ ကျုပ်လည်း လက်ပါတာပဲ” လို့ပြန်ပြောလေသည်။
ဒေါ်တင်နုမရိုက်မှီ မတင်မြက မိခင်၏ပါးကို ဖြန်းခနဲနေအောင်ရိုက်လိုက်သည်။ ဒေါ်တင်နုသည် နောက်သို့လှန်ကာ လဲကျသွားပြီး မိခင်၏ပါးပြင်တွင် သမီး၏ လက်ဝါးရာက ထင်ရှားစွာ ထင်ကျန်သွားလေသည်။ ဒေါ်တင်နုသည် အံ့သြစွာဖြင့် ၀မ်းနည်းစွာ ငိုချလိုက်ရာ အမေကို သမီးက ပါးရိုက်တယ်ဆိုပြီး အော်ဟစ်သောအခါ သမီးဖြစ်သူက အိမ်ထဲမှ ထွက်ပြေးသွားသည်။ ရွာထိပ်မှ တစ်ဦးတစ်ယောက်ကခေါ်လိုက်သလို အသံလာရာဘက်ဆီသို့ အပြေးအလွှားထွက်သွားသည်။
မတင်မြသည် အိမ်ကြိုအိမ်ကြား၊ လမ်းကြိုလမ်းကြားနှင့် ဆုတောင်းပြည့် ဘုရားဝင်းအတွင်းမှ ခုန်ပြန်ကျော်လွှား ထွက်ပြေးသွားခဲ့လေသည်။ မတင်မြပြေးလာသည်ကို ရွာသူရွာသားများက တွေ့၍ မေးသည်ကို ရန်လုပ်သွားပြီး လယ်ကွက်များရှိရာသို့ ဆက်ပြေးသွားသည်။ ရေကန်အနီး လယ်တစ်ကွက်တွင် မတင်မြ ခလုတ်တိုက်လဲသွားလေသည်။ အရှိန်နှင့်ပြေးလာသဖြင့် လေးဘက်ထောက်လျက် မသက်မသာလဲကျသွားသည်။
ဤအချိန်မှစ၍ မတင်မြထ၍ မရတော့ပါ။ ရေကန်ြီ့းဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက်ထောက်လျှင် ကုန်းကုန်းကြီးဖြစ်နေ၍ ရွာထဲမှ ကောက်ရိတ်ပြန်လာသူများက လှမ်းမေးကြသည်ကို “ဘာလုပ်လုပ်တော်တို့နဲ့ ဘာဆိုင်လို့တုံး၊ သွားကြ၊ ကျုပ်အနား မလာနဲ့” ဟု အော်လွှတ်လေသည်။
ကောက်ရိတ်သမားများကလည်း မတင်မြအပေါ့အပါးသွား၍ ရှက်သဖြင့် ပြောလွှတ်သည်ထင်ပြီး ပြန်သွားသောအခါ တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ “မတင်မြတော့ အမေ့ပါးရိုက်ပြီး ရေကန်ကြီးထဲ ခုန်ချသေမလို့ ထွက်ပြေးသွားသည်” ဟု ပြောနေကြသည်။
ရွာသူရွာသားများက မတင်မြ ဒုက္ခရောက်မှာစိုးသဖြင့် မိဘနှစ်ပါးနှင့် ရွာသားအချို့အပြေးလိုက်သွားကြပါသည်။ မတင်မြကိုတွေ့လိုက်ရသောအခါ မြေကြီးအတွင်းသို့ ခြေမျက်စိအထိ ကျွံဝင်နေပြီဖြစ်သည်။ ညနေစောင်း ငါးနာရီလောက် အချိန်ဖြစ်နေပါသည်။ လယ်ရိတ်ပြီးစ ရိုးပြတ်တောထဲတွင် ဘယ်အချိန်ကလဲကျပြီး ဘယ်အချိန်ကစ၍ မြေမျိုနေသည်မသိ မတင်မြနှင့် ဆယ့်လေးငါးကိုက်အကွာမှ ရိုးပြတ်များလည်း မီးလောင်ထားသကဲ့သို့ ဖြစ်နေသည်။ တပို့တွဲလဆန်းစအချိန်တွင် မတင်မြ၏ တစ်ကိုယ်လုံးမှာ ချွေးသီးချွေးပေါက်များနှင့် စိုရွဲနေပါသည်။
မတင်မြသည် အဖေနှင့်အမေအပါအ၀င် ရွာသူရွာသားအားလုံးကို လေးဖက်ထောက်လျက်ပင် “ငါ့နားကို ဘယ်သူမှ မလာနဲ့သွားကြ၊ မလာကြနဲ့” လို့ အော်ထုတ်နေသည်။ မတင်မြအော်နေသည့်ကြားကပင် ဖခင်ကြီးနှင့်ရွာသားအချို့ ရှေ့သို့ တိုးကပ်သွားကြသည်။ မီးလောင်ထားသကဲ့သို့ဖြစ်နေသည့် မြေအနားစပ်ကို ခြေချလိုက်သည်နှင့် အားလုံးကြောက်လန့်ပြီး နောက်သို့ ခုန်ဆုတ်လိုက်ကြသည်။ “အမေလေး... ပူလိုက်တာဗျ” သံပြိုင်အားလုံး အော်လိုက်ကြသည်။ မတင်မြ၏ ဘေးပတ်လည်တွင် မီးလောင်ထားသကဲ့သို့ လယ်မြေအ၀ိုင်းမှ မြေကြီးများသည် မီးဖုတ်ထားသလို ပူလောင်နေသဖြင့် မည်သူမှ ဆက်၍ မတိုးရဲဘဲဖြစ်နေပါသည်။
မိဘနှစ်ပါးနှင့် ရွာသားများအားလုံးက မတင်မြ မြေမျိုခံရသည်ကို နားလည်လိုက်ပါသည်။ “အမလေး.... ပူလိုက်တာ၊ ကယ်ကြပါဦး”ဟု အော်နေလေသည်။ မိခင်ကြီးက သမီးမတင်မြ သမီးကို အမေခွင့်လွှတ်တယ် အမေ့ကို ကန်တော့လိုက်သမီးဟု ပြောသော်လည်း မတင်မြ၏ အသံကား အော်ဟစ်အကူအညီတောင်းခံသော်လည်း ထွက်မလာတော့ပဲ တိုးညှင်းစွာရှိနေလေသာ်။ မတင်မြ၏ လက်နှစ်ဖက်က လှုပ်ရှား၍ မရတော့သည့်အတွက် မိခင်ကြီးအား မကန်တော့နိုင်ဘဲ ရေကိုသာ တောင်းခံနေလေသည်။ “ရေပေးပါ၊ ရေ.....ရေ... အမေလေး ပူလိုက်တာ”
“ကျွန်မ သမီးလေး ကံကြီးထိုက်ပြီး မြေမျိုခံနေရပါတယ်” ဟု မိခင်ကြီးသည် ၀မ်းနည်းကြီးစွာ အော်ငိုလေသည်။ မိခင်ကြီးသည် သွေးနုသားနုချိန်ဖြစ်၍ ငိုရင်းတက်ကာ သတိလစ်သွားသည်။ ရွာသားအချို့က ဒေါ်တင်နုကို ပွေ့ချီကာ ရွာထဲသို့ ပြန်ပို့ရလေသည်။
ဖခင်ကြီးသည် ရွာသားများ ပြန်လာရင် သောက်ရေအိုး တစ်လုံးနှင့် ၀ါးလုံးရှည် သုံးလေးလုံးယူခဲ့ပါလို့ မှာလိုက်လေသည်။ ညအမှောင်လွန်လာပြီး တစ်ယောက်နှင့်တစ်ယောက် လူလုံးပင် မကွဲတော့ပါ။ မတင်မြကိုလည်း မည်းမည်းသဏ္ဍာန်သာမြင်ရတော့သည်။ ရွာထဲမှ ရွာသားအချို့ပြန်လာသောအခါ လက်နှိပ်ဓါတ်မီးများ အောက်လင်းမီးများပါလာသည်။ ဖခင်ကြီးမှာလိုက်သော အုန်းရေမှုတ်ကို ၀ါးလုံးရှည်ကြီးထိပ်တွင် တပ်ကာ မတင်မြအား ရေတိုက်ကြသည်။ မတင်မြဆီသို့ ရေမှုတ်မရောက်ဘဲ ၀ါးလုံးရှည်ကြီးမှာ မီးလောင်သွားသကဲ့သို့ ကျွမ်းကာ ကျိုးပြတ်ကြသွားလေသည်။ဤ post သည် လန်ဒန်မြို့ မစောငြိမ်းအေးမှ မေးသို့ ပို့ပေး၍ နောင်လာနောင်သားသားသမီးများ မိဘများကို ရိုသေကိုင်းရှိုင်းပြုစုစောင့်
ရှောက်စေရန် ရည်ရွယ်၍ တင်ပြလိုက်ပါသည်.။။
Tuesday, August 7, 2012
ရှားရှားပါးပါးမိခင်များ
                      ကလေး ရှစ်မွှာပူးမိခင်
ကလေး ရှစ်မွှာပူးမိခင်
အမေရိကန်နိုင်ငံ - ကယ်လဖိုးနီးယားပြည်နယ်မှာ ရှိတဲ့  Nadya Suleman ဆိုတဲ့ အမျိုးသမီးဟာ ... သူမယောင်္ကျားနဲ့  1999 ခုနှစ်မှာ ကွာရှင်းပြီးတဲ့နောက်ပိုင်း ကလေးလိုချင်လာပါတယ် ...
အဲဒီနောက် David Solomon ဆိုတဲ့ သုတ်ပိုးလှူတဲ့ အမျိုးသားဆီမှ သုတ်ပိုးရယူပြီး ကိုယ်ဝန်ဆောင်ခဲ့ရာကနေ.. မထင်မှတ်ပဲ ၈ မွှာပူးကိုယ်ဝန်ဆောင်နိုင်ခဲ့ပါ
တယ် ....
သူမဟာ 2009 ခုနှစ် ဇန်န၀ါရီလမှာ ရှစ်မွှာပူးကို မွှေးခဲ့ပါတယ်... သူမဟာ ကမ္ဘာမှာဒုတိယမြောက် ရှစ်မွှာပူးကိုယ်ဝန်ဆောင်ခဲ့သြူ
ဖစ်ပါတယ် ..
ခု ရှစ်မွှာပူးကလေးတွေကိုတော့ sulemom octuplets လို့ ခေါ်ပါတယ် ...
( ပုံထဲ က ဗိုက်ကြီးက အကြီးကြီးနော် :P
ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )
ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )
စုတ်ပြတ်ပြီးထိတ်လန့် နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ အိန္ဒိယပြည်နယ် - Peru မြို့  Pisco ဆေးရုံကြီးမှာ ဆရာဝန်ကြီးကို လာတွေ့ ပါတယ် .. သူမ အနောက်မှာ ၃ ပေသာသာရှိသေးတဲ့  ( Geraldo Lozada ) လို့ ခေါ်တဲ့ကလေးမလေးတစ်ယောက်ပါလာပြီ
တစ်လခွဲအကြာ မေလ 14 ရက် 1939 ခုနှစ်မှာ သူမဟာ ၆ ပေါင်ရှိတဲ့ ယောင်္ကျားလေးကို ခွဲစိတ်ပြီးမွေးဖွားခဲ့ပါတယ်...
ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ  ( အသက် ၇၀ )
ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ  ( အသက် ၇၀ )
ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် )
ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် )
ယခု ခေတ်သစ် ကလေးအများဆုံးမွေးသူ အဖြစ်စံချိန် တင်ထားရသူကတော့ Leonitan Albina ဆိုတဲ့ San Antonio ပြည်နယ် Chile က အမျိုးသမီးဖြစ်ပါတယ် .. သူမဟာ တရားဝန် ၅၅ ယောက်တိတိမွေးပြီးဖြစ်ပြီး ၆၄ ယောက် မွေးဖို့  ရည်မှန်းထားတယ်လို့ ဆိုပါတယ်....
ကမ္ဘာ့ပထမဆုံး အမျိုးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်
ကမ္ဘာ့ပထမဆုံး အမျိုးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်
Oregon ပြည်နယ်က Thomas Beatie ဆိုတဲ့အမျိုးသားဟာ အမျိုးသမီးအဖြစ်မှ လိင်ပြောင်းကုသမှူခံယူပြီး အမျိုးသားဘ၀ သို့ ပြောင်းလဲထားသူ ဖြစ်ပါတယ် ...
ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇၀ နှစ် )
ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇၀ နှစ် )
ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်
ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်
ကလေး အငှားမွေးသူမိခင် ဖြစ်တဲ့ Carole Horlock ( အသက် 42 နှစ် ) ဟာ ၁၃ နှစ်အတွင်း ကလေး ၁၂ ယောက်ကို အငှားကိုယ်ဝန်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ် ။ သူမဟာ ၃ မွှာပူးအပါအ၀င် ကလေးများကို အငှားကိုယ်ဝန်ဆောင်ခဲ့သူ အဖြစ် စံချိန်တင်ခဲ့ပါတယ်...သူမဟာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ခ ဒေါ်လာ 25.000 မှာ 30.000 အထိ ရပါတယ်..
ကမ္ဘာ့အသေးဆုံးမိခင် 
ကမ္ဘာ့အသေးဆုံးမိခင်
ကမ္ဘာ့အသေးဆုံးမိခင် နှစ်ယောက်ရှိပါတယ် ပထမ တစ်ယောက်ကတော့ ၂ ပေ ၄ လက်မသာရှိတဲ့ Stacey Herald ဖြစ်ပါတယ် ... သူမဟာ ကိုယ်ဝန်ဆောင်ခြင်းဟာ သေစေနိုင်မယ်လို့  ဆရာဝန်တွေ အတန်တန် တားတဲ့အထဲက ကလေး နှစ်ယောက်ကို မရမက မွေးထားပြီးဖြစ်ပြီး ခု တတိယမြောက်ကိုယ်ဝန်ဆောင်ထားပါ
တယ် ..
ဒုတိယမြောက် အသေးဆုံးမိခင်က တော့် ၂ ပေ ၉ လက်မ ရှိတဲ့ Cristianne Ray ဖြစ်ပါတယ် .. သူမ ဟာ Kyrsten Bowden ဆိုတဲ့ ကလေးတစ်ယောက်ကို မွေးထားပါတယ် ။
ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်
ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်
Mahajabeen Sheikh ဆိုတဲ့ အမျိုးသမီးဟာ စက်တင်ဘာ 19 ရက် 2004 မှာ  Rumaisa Rahman ဆိုတဲ့ ၁၀ လက်မ - 8.6 အောင်စ ရှိတဲ့ မိန်းကလေးကို  Loyola University Medical Center မှာမွေးခဲ့ပါတယ် ...
Rumisa Rahman ဆိုတဲ့ ကလေးလေးနဲ့  ၁ ပေါင် ၄ အောင်စ ပါတဲ့ Hiba ဆိုတဲ့ အမွှာယောင်္ကျားကလေးတစ်ယောက်ကိုပါ မွေးခဲ့တာပါ.. ။။
ဟို ကြာခဲ့ပါပြီ..လေ ဖတ်စေခြင်သော မြင်စေခြင်သောသမ္မာဆန္ဒလေးတွေနဲ့ တင်ပေးလိုက်တာပါ..။
၂၀၀၉ လောက်က မေးထဲကို ရောက်လာတာပါ..။ -- 
အုဋ္ဌ်လမ်းက ကြီးတော် တဲ့
ပျင်းပျင်းရှိတာနဲ့ မိမိထံမေးများအလွန်များနေ၍ မေးစစ်ရင်း ဟာသလေးတခု တွေ့မိတာနဲ့ မိမိဘလော့ရောက်လာသူများအပျင်းပြေစေဘို့ ရည်ရွယ်ပြီး ဤ post လေးကို တင်လိုက်တာပါ.
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်ကကျွန်တော် ကို ဖုံးလှမ်းဆက်တယ်..။" ဟေ့ကောင် online တတ်ခဲ့ဦး..."တဲ့။ဒါနဲ့ ပြန်ပြောလိုက်တယ်.." ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ် "ဆိုတော့.." ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့.."။ဒါနဲ့ နီးစပ်ရာ မြန်မာဆိုင်ကနေ online တတ်ပြီး သူငယ်ချင်းနဲ့ စကားပြောနေတုန်း...ဆိုင်ထဲကို ယောင်လည်လည် နဲ့ "တ၀မ်းပူ"လေးတစ်ကောင်ဝင်လာတယ်..။ (တ = တောသား)ပြီးတော့ ဆိုင်ရှင် အကိုကြီးကိုပြောတယ်..."အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား" တဲ့.။ဆိုင်ရှင်အကိုကြီးမပြောနဲ့ ကျွန်တော်တို့တောင်မှ ကြောင်သွားတယ်..။ဆိုင်ရှင် အကိုကြီးက " ဘာ..ဘာဗျ..".ဆိုတော့" ကျွန်တော့်ကြီးတော် နဲ့ ပြောချင်လို့လေ.." တဲ့..ထပ်ပြောတယ်...။ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ..။ မင်းဖာသာ မင်းပြောပေါ့ကွ..ဆိုတော့..သူက ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ...။ဒါနဲပဲ မနေနိုင်မထိုင်နိုင် ၀င်မေးမိတော့.." နေပါဦးကွ..မင်း ကြီးတော်က ဘယ်မှာနေတာလဲ.." ဆိုတော့မှ...အဖြစ်မှန်ကိုသိရတော့တယ်...။" ကျွန်တော် ရွာက ထွက်လာတော့ ရန်ကုန်မှာတည်းတဲ့ ဘကြီးဘုန်းကြီးက ပြောလိုက်တာလေ..မင်း မလေးရှားရောက်ရင် ဖုန်းပြောတာက ဈေးကြီးတယ်...။အင်တာနက်ဆိုင်ကို ရှာပြီးသွား..ပြီးရင် ကျွန်တော် ကြီးတော် ပြောချင်လို့ပါဆို သူတို့ လုပ်ပေးလိမ့်မယ်...တဲ့ "။အဲတော့မှပဲ..ကျွန်တော်တို့ အပတ်လည်တော့တယ်ဗျာ....။သူပြောချင်တဲ့...ကြီးတော် ဆိုတာ...ဂျီတော့ပ်(Gtalk) ကိုးဗျ...။ဂျီတော့ပ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ...။နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ ကျွန်တော့်တို့ လဲ ပက်လက်လန်တာပါပဲ..။" အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်...သူက အမြဲတမ်း အုတ်လမ်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..။"သူပြောချင်တာ သူငယ်ချင်တို့လဲ သဘောပေါက်မှာပါ....။ဘုန်းကြီးက online မှာ အမြဲရှိတယ်လို့ပြောချင်တာနေမှာပါ..။သူလုပ်တော့မှပဲ ဘုန်းကြီးလဲ အုတ်လမ်းတွေ တွယ်တတ်နေရပြီလေ..။ဒါကြောင့်မို့ပေါ့..သူငယ်ချင်းတို့ရေ....မင်းတို့ ၊ ငါ့တို့တွေလည်း နေ့တိုင်း ကြီးတော် နဲ့ ပြောရဖို့ အုတ်လိုင်း ကို တွယ်တတ်နေကြရတာ မဟုတ်ဘူးလားကွာ...။    ။
LinkWithin