အစီအစဉ်



http://api.ning.com/files/pAmwxUsZIgNxXviA19OyYUC5eZo0D5BEZPDtcwtkFaNVMt9ggyKuugH7n1*T0KpWeqHCkViIRvl6gyrK6SerTbLZxGadMSEI/waterlilly.gif

အရောက်လာလှမ်းလာခဲ့သော ရွှေဧည့်သည်များ လှိုက်လှဲစွာကြိုဆိုနေလျှက်ပါ။{လမင်းစံအိမ်}

နွေးထွေးစွာကြိုဆိုလျှက်ပါ

နွေးထွေးစွာကြိုဆိုလျှက်ပါ
{လမင်းစံအိမ်}

Saturday, August 11, 2012

"အဘရေ မှတ်ထားဟော့ရှော့တဲ့"

မိန်းမလေးများသည် နေတတ်ဘို့လိုသည်။ အနေမထိုင်တတ်ခဲ့ရင် ယောက်ျားသားတွေရဲ့ ဝေဖန်မှုကိုခံရတတ်စမြဲ။ အိမ်ထောင်ရှင်ကောအိမ်ထောင်မရှင်ရော နေတတ်ဘို့လိုသည်။ တချို့ ပြောနေသံကြားခဲ့ရသည်။ ဒီမိန်းကလေးတွေ နေတာထိုင်တာကိုက ဘယ်လို ညာလို ဝေဖန်သံများနားနှင့်မဆန့်ကြားရတတ်စမြဲ။ အမှန်မှာ မိန်းကလေးတိုင်းတော့မဟုတ်ပါ။ ကျမတို့ မိန်းကလေးတိုင်း လှချင်ကြသည် ပချင်ကြသည်။တခါတရဲ အလှအပရဲ့ မျက်ကွယ်မှာ ပြောဆိုခံရသည်။ အဆိုတော်မေဆွိတောင်သီချင်းရှိသည်.”ဒို့ကမိန်းကလေးဆိုတာမျိုးဟာ လှတယ်ပြောရင်ဘဘောကြတယ်”တဲ့ မလှဘယ်သူရှိမှာလဲ သို့သော်အချိန်အခါနဲ့ လှဘို့လို၏။တချို့ ၀တ်စားဆင်ယဉ်မှုသည် အန္တရာယ်ကို စိန်ခေါ်နေဘိသကဲ့သို့ ရှိခဲ့၏။ ရှိလဲရှိနေကြ၏။ ခုခေတ်အခါသည် ပြောင်းပြန်ဖြစ်နေ၏။ နိုင်ငံခြားသူအချို့က မြန်မာအ၀တ်စားကို သဘောကျလို့လား? ဒါမှမဟုတ်ပေါ်လစီလေလား တော့မပြောတတ် မြန်မာအ၀တ်စားလေး ၀တ်ထားတာတွေ့ရှိမိတော့ကျမရင်ထဲမှာ ပီတိတွေဖြာခဲ့ရသည်။ ကျမတို့ မြန်မာအမျိုးသမီးများ တချို့ ရိုးရိုးလေးဝတ်ကြသည်။ တချို့ အရမ်းခေတ်မှီလွန်းကြသည် မပေါ်တပေါ်တွေနဲ့ သွားလာနေကြသည်။ တချို့ တိုလိုက်တာမှ ကျမသည်ပင်လျှင်မကြည့်ရဲသည့် ၀တ်နေကြသည့်မိန်းကလေးတွေလဲ မြင်တွေ့နေရသည်။ ကျမလဲ လှခြင်ပါ၏။ ၀တ်ခြင်ပါ၏။ သို့သော်  မိမိ ၀တ်လိုက်ရင် ဆိုသည့် အတွေးစနဲ့ပဲ ၀တ်စားဆင်ယဉ်မှု ခေတ်စကားအရပြောရရင် “ဟော့ ရှော့= ဟော့တော့”များမ၀တ်ရဲခဲ့။ မိန်းကလေးတိုင်း လှချင်ကြသည်မှာ အပြစ်မပြောလို ကျမကိုယ်၌က မိန်းကလေးမို့ ။သို့သော် တခါက ကျမကိုယ်တွေ့တခု ကျမ အထင်ကရ မြို့တမြို့ကို သွားခဲ့တယ်ပေါ့။ ခရီးသွားဆိုတော့လဲ လူပေါင်းစုံသွားလာနေကြသည် သူ့ကိစ္စ င့ါကိစ္စ တို့ဖြင့် ခရီးသွားလို့နေကြ၏။ အသက်ငယ်ရွယ် လူရွယ် လူလတ် လူကြီး စသည်တို့ သွားလာကြသည်။ ကားဖြင့်ခရီးသွားရင်း လမ်းတနေရာ အရောက် ကျမ္မာရေးအရ အပေါ့ အလေးသွားရန်၎င်း။ အစားအစာစားသောက်ရန်၎င်း ကားကိုနာရီဝက်ခန့်နားပေးသည်။ (ခရီးသွားရာ၌ လိုအပ်သည်) တနေရာရောက်လို့ ကားဆိုက်သည်ဆိုသည်နှင့် ဈေးသည်တို့သည်လည်း ကားအနားစုဝေးရောက်လာကာ လုကာ ဈေးရောင်းကြသည်။ ထိုအထဲမှာ ခေတ်စကားအရပြောရရင်” ခပ်ဟော့ဟော့ မိန်းကလေးတယောက် “ဒီထက်ဋီကာချဲ့ပြောရရင် မပေါ်တပေါ်ဝတ်ဆင်လျှက် မိန်းကလေးတယောက် ပေါ့ အောက်ကြည့်ပြန်တော့ တိုလိုက်သာမှ မပြောနဲ့ ကျမတောင် သူ့ကိုကြာရှည်မကြည့်ရဲခဲ့။ ကျမသာ ကြာရှည်မကြည့်ရဲပေမဲ့ ကိုရွှေကာလသားတွေအဖို့မှာတော့ လူတိုင်းရဲ့ မျက်လုံးအစုံတို့သည် ထိုဈေးသည်ကလေးမလေးဆီသို့ ဒီကြားထဲ အသာမနေတတ်သော အမှန်ပြောရရင် (စေတနာ)နှင့်ပြောရှာသည့် ခပ်ရွယ်ရွယ်အဖိုးကြီးတယောက်သည် ထိုမိန်းကလေးအနားသို့ ချဉ်းကပ်လျှက် ဘာတွေပြောသည်ကိုတော့ ကျမ မသိခဲ့ပါ။ သို့သော် ထိုမိန်းကလေး မျက်နှာသည် သိသိသာသာပြောင်းလွဲသွားသည်ကိုတော့ သတိထားမိသည်။ ကျမတို့လဲ ကားနားနေစဉ် ထမင်းများစားခဲ့သည်။ တနေရာသို့ မျက်စိတချက်ဝှေ့ကြည့်မိ၏။ကိုယ်ပိုင်ကားတစီးထိုးရပ်လာသည်။ မိန်းကလေးရဲ့ ၀တ်စားမှုကတော့ နိုင်ငံခြားမင်းသမီးစတိုင်နှင့်။ဖိနပ်စီးထားသည်က ဒေါက်မြင့်ဖိနပ်။ ထိုကားပေါ်က ဆင်းလာသည်နှင့် ဒေါက်မြင့်ဖိနပ်ကြောင့်ပေလားတော့မသိ။ ဒယီးဒယိုင်ဖြစ်လျှက် အမျိုးသားခပ်ကြီးကြီး၏ လက်မောင်းကို ကိုင်လျှက် ရိုင်တိ ရိုင်တိုင် လျှောက်လို့ မိမိတို့ဆိုင်အတွင်းသို့ ၀င်လာခဲ့သည်။ ဆိုင်ထဲရှိလူအားလုံးရဲ့မျက်စိသည်လည်း ထိုမိန်းကလေးဆီသို့ သူသည် ဘယ်သူကိုမှဂရုမစိုက်။ မိမိတွေးမိလိုက်သည် ဒင်းတို့တွေရှိနေလို့ ငါတို့မိန်းမသားတွေ ပြောခံနေရတာလို့။ သူစားပွဲခုံလွတ်တနေရာသို့ ရောက်ပြီးထိုင်လိုက်သည်နှင့် ပွစိပွစိ ပြောလိုက်သည့်စကားများ လက်ထဲမှ ဖုန်းကိုလည်း အလွတ်မပေး လက်နဲ့ ကလိနေသည်။ ဖအေနှင့်သမီးလည်းမဖြစ်နိုင်။ အော် တွေ့ရကြုံရ ဒုက္ခ။ ဒီလိုနဲ့ မိမိတို့ စီးနင်းလာသည့်ကား အချိန်ပြည့်သည်နှင့် ပြန်လည်ထွက်ခွာဘို့စပါယ်ယာ လိုက်အော်လို့နေသည်။ မိမိလည်း နေရာယရန်ကားပေါ်တတ်ခဲ့သည်။ ခရီးသည်များ စုံသလောက်ဖြစ်နေသည် ထိုအချိန်တွင် အောက်မှ ပြောလိုက်သည့်စကားတခွန်းကျယ်လောင်စွာ အော်လျှက် “အဘရေ မှတ်ထား အဲဒါ ဟော့ရှော့တဲ့။ သမီးတို့လည်း အဲဒီလိုလေးဝတ်မှ ဈေးရောင်းရသည်ဟူသတတ်” မိမိသည် ထိုအခါမှ မိမိနဖူးကို ဖတ်လို့ ရိုက်ပြီး အဘိုးကြီးပြောသောစကားသည်စေတနာဖြင့်သာဖြစ်နိုင်သည်လို့..။

No comments:

Post a Comment

LinkWithin