အစီအစဉ်



http://api.ning.com/files/pAmwxUsZIgNxXviA19OyYUC5eZo0D5BEZPDtcwtkFaNVMt9ggyKuugH7n1*T0KpWeqHCkViIRvl6gyrK6SerTbLZxGadMSEI/waterlilly.gif

အရောက်လာလှမ်းလာခဲ့သော ရွှေဧည့်သည်များ လှိုက်လှဲစွာကြိုဆိုနေလျှက်ပါ။{လမင်းစံအိမ်}

နွေးထွေးစွာကြိုဆိုလျှက်ပါ

နွေးထွေးစွာကြိုဆိုလျှက်ပါ
{လမင်းစံအိမ်}

Friday, August 10, 2012

ထီပေါက်သမျှ ဒေါ်လာ ၁၁.၂ သန်းအကုန်လှူသည့် အဘိုးနဲ့ အဘွား.

  
                                                            
ငွေဆိုတာ သုံးတတ်ယင်မိတ်ဆွေ၊ မသုံးတတ်ယင်ရန်သူ ....
Allen and Violet Large, both in their 70s, said their good fortune earlier this year had been a
'big headache' and they had decided against going on a spending spree.
ဒေါ်လာ ၁၁.၂ သန်း ထီပေါက်ခဲ့ သည့် ကနေဒါနိုင်ငံသား ဇနီးမောင်နှံ အဘိုး၊အဘွားတို့ နှစ်ဦးဟာ ထိုငွေ
များအားလုံး ( နီးပါး ) ကို မိတ်ဆွေသူငယ်ချင်းများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ အစည်းများနှင့် ဆေး
ရုံများသို့ ခွဲဝေပေးအပ် လှူဒါန်းခဲ့ လိုက်ကြပါတယ်...
ယခုနှစ်အစောပိုင်းက ထီပေါက်ပြီးရခဲ့ သည့် ထိုငွေကြေး စည်းစိမ်များဟာ ၎င်းတို့ အတွက်တော့ ခေါင်းခဲစ
ရာ ကြီးလိုဖြစ်နေခဲ့ ပြီး သုံးဖြုံးမပစ်ဖို့ လည်း ဆုံးဖြတ်ခဲ့ ကြတယ်လို့ အသက် ၇၀ ကျော်ရှိနေကြပြီဖြစ်တဲ့ အ
ဘိုး အယ်လင် နှင့် အဘွား ဗိုင်အိုလက်လာ့ ဂ်ျ တို့ က တိုရန်တို သတင်းစာကိုပြောကြားခဲ့ ကြပါတယ်...
" အယင်တုံးကလည်း ဒီလိုမျိုးမရှိခဲ့ ဖူးတာမို့ နှမြောလွမ်းဆွတ်နေစရာမလိုပါဘူး..." လို့ အသက် ၇၈ နှစ်ရှိ
အဘွားက ဆိုပါတယ်...
အဘွားနှင့် အသက် ၇၅ နှစ်ရှိ အဘိုးဘယ်လင် တို့ ဟ ငွေတွေကို သိမ်းထားမည့် အစား ပေးကမ်းပစ်တာက
ပိုကောင်းတယ် လို့ ဆုံးဖြတ်ခဲ့ လိုက်ကြပြီး အခုလိုပေးဝခဲ့ ကြတဲ့ အပေါ်မှာလည်း စိတ်အနှောက်အယှက် လုံး
ဝ မရှိခဲ့ ကြပါဘူး....
Local institutions in Truro, Nova Scotia, were among the lucky recipients of the Larges' windfall
အေးချမ်းဆိတ်ငြိမ်တဲ့  အဘိုးတို့ ဇနီးမောင်နှံနေတဲ့ ဒေသလေး....
အိမ်ထောင်သက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အဘိုးတို့ ဇနီးမောင်နှံဟာ အွန်တာရီယိုမြို့ မှာ နှစ်ပေါင်း ၃၀ ကြာ နေ
ထိုင်လုပ်ကိုင် စုဆောင်းခဲ့ ကြပြီးနောက် ပိုမိုအေးချမ်းဆိတ်ငြိမ်စွာနေနိုင်ဖို့  ထိုမြို့ ကနေ ထရိုနိုအောက်ပိုင်
ဒေသရှိ နိုဗာစကိုရှာမြို့ ကလေးကို ၁၉၈၃ ခုနှစ်မှာပြောင်းရွှေ့ နေထိုင်ခဲ့ ကြပါတယ်...
အဘိုးအယ်လင် ကဂဟေဆော်သူအဖြစ် နှစ်ပေါင်း ၃၀ အလုပ်လုပ်ခဲ့ ပြီး အဘွား ဗိုင်အိုလက် ကတော့ မုန့် 
စက်ရုံများ၊ အလှပြင်ပစ္စည်းစက်ရုံများမှာ အလုပ်လုပ်ခဲ့ ပါတယ်....
" သန်းကြွယ်သူဌေးတွေမဟုတ်ပေမယ့်  ကျူပ်တို့ မှာ ပြည့် စုံဖူလုံပြီး ကျေနပ်နှစ်သက်ရောင့်  ရဲပါတယ်..."
လို့ အဘိုး အယ်လင် ကလွန်ခဲ့ သည့် ဂျူလိုင်လက ထီမပေါက်မှီ ၎င်းတို့ ရဲ့ ငွေကြေးအခြေအနေကိုပြောပြ
ခဲ့ ပါတယ်...
ထိုအချိန်မှာပဲ အဘွား ဗိုင်အိုလက် ဟာကင်ဆာရောဂါအတွက်ဆေးကုသမှုခံယူနေရပြီး ၎င်းတို့ ကို လူလိမ်
လူညာများက လှည့် ဖျားသွားမှာကိုတော့ သူတို့ ဇနီးမောင်နှံက စိုးရိမ်ခဲ့ ကြပါတယ်...
" တို့ ထီပေါက်လို့ ရခဲ့ တဲ့ ငွေက ဘာမှမဟုတ်ပါဘူးကွယ်...တို့ မှာ ချစ်ခင်မြတ်နိုး၊ တန်ဖိုးထားစရာ တစ်ဦး
နဲ့ တစ်ဦး ရှိနေခဲ့ ကြပြီပဲ...." လို့ အဘိုး အယ်လင် က တိုရန်တို သတင်းစာကိုပြောကြားခဲ့ ပါတယ်..
အဘွားဗိုင်အိုလက် ကတော့ သူမရဲ့ ရောဂါအခြေအနေကြောင့် ခွဲစိတ်ကုသခံခဲ့ ရပြီး လွန်ခဲ့ သည့် အပါတ်
ကလည်း ဓါတ်ရောင်ခြည်ဖြင့် ကုသခံခဲ့ ရပါသေးတယ်...
အဘိုးနဲ့ အဘွားတို့ ရဲ့ ထီပေါက်လို့ ရတဲ့ ငွေ ၁၁၂၅၅၁၇၁ ဒေါ်လာ အားလုံးကိုခွဲဝေလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ တဲ့ 
အတွက် အများစုရရှိမယ့် နေရာများကတော့ ထရူရို၊ ဟာလီဖက်စ် နှင့် နိုဗာစကိုရှာ ဒေသများမှ ဆေးရုံများ
ပဲဖြစ်ပါတယ်...
nova scotia
ဒီဒေသကဆေးရုံးတွေနဲ့ လူမှုဝန်ထမ်းအဖွဲ့ အစည်းတွေက အလှူငွေတွေရကြတယ်...
Hospitals and charities in Lower Truro (pictured), Nova Scotia, were among the lucky
recipients of the Larges' windfall
၎င်းတို့ မိသားစုအတွက် အနည်းငယ်မျှသာချန်ထားပြီးနောက် အဘိုးအဘွားတို့ ဇနီးမောင်နှံဟာ ၎င်းတို့ ကူ
ညီလှူဒါန်းချင်သည့်  ဒေသခံမီးသတ်ဌာန၊ ဘုရားရှိခိုးကျောင်းများ၊ သုဿာန်များ၊ ကြက်ခြေနီအဖွဲ့ များ၊
ကယ်တင်ခြင်းတပ် ( ခရစ်ယာန်လူမှုဝန်ထမ်းအဖွဲ့ ) တို့ ကိုပေးဝေလှူဒါန်းခဲ့ ကြပါတယ်...
အဘွားဗိုင်အိုလက် ဆေးကုသမှုခံယူခဲ့ သည့် ဆေးရုံများ၊ ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့ အစည်းများ၊
( အသက်အရွယ်ကြီးသူများဖြစ်လေ့ ရှိသည့် ) အယ်ဇိုင်းမားရောဂါ၊ ဆီးချိုရောဂါ ကုဆေးရုံများ ဟာလည်း
အဘိုးတို့ ဇနီးမောင်နှံရဲ့ ရက်ရက်ရောရောပေးလှူတဲ့ အထဲမှာ ပါဝင်ခဲ့ ပါတယ်...
အဘိုးတို့ ဟာ ဘယ်အဖွဲ့ အစည်းကို ဘယ်လောက်လှူဒါန်းခဲ့ တယ်ဆိုတာ ထုတ်ဖ်ာမပြောခဲ့ ကြပေမယ့် ၎င်း
တို့ အနေနဲ့ လက်ခံရရှိခဲ့ ကြတဲ့ ကျေးဇူးတင်ကြောင်း ဖုန်းဆက်စကားများ၊ ဂုဏ်ပြုစာများအတွက် ကျေးဇူး
တင်မိ၊ ရိုကျိုးနှိမ့် ချမိပါတယ်လို့ လည်း ပြောကြားခဲ့ ပါတယ်....
" အခုလို လှူဒါန်းလိုက်ရလို့ အဘွားကတော့ စိတ်ချမ်းသာပါတယ်...အဲဒီပိုက်ဆံတွေနဲ့ ကောင်းမှုတွေအများ
ကြီး လုပ်ခဲ့ ရပြီလေ...အဘွားတို့ ကတော့ ကံကောင်းပါတယ်...ဘာမှ စိတ်ညစ်စရာ ( မကျေနပ်စရာ ) မရှိ
ပါဘူး..." လို့ အဘွားဗိုင်အိုလက် ကဆိုခဲ့ ပါတယ်...
ဘ၀နေ၀င်ခါနီးမှာ စိတ်ရှင်းရှင်းနဲ့ ကောင်းမှုတွေလုပ်နိုင်ခဲ့ တဲ့ အဘိုးအဘွားမောင်နှံရဲ့ မြင့် မြတ်တဲ့ ၊ စွန့် 
လွှတ်ဝံ့ တဲ့ စိတ်ထားနဲ့ ကြည်နူးဆွတ်ပျံ့ ဖွယ်အကြောင်းလေးပါပဲ....

No comments:

Post a Comment

LinkWithin