အစီအစဉ်



http://api.ning.com/files/pAmwxUsZIgNxXviA19OyYUC5eZo0D5BEZPDtcwtkFaNVMt9ggyKuugH7n1*T0KpWeqHCkViIRvl6gyrK6SerTbLZxGadMSEI/waterlilly.gif

အရောက်လာလှမ်းလာခဲ့သော ရွှေဧည့်သည်များ လှိုက်လှဲစွာကြိုဆိုနေလျှက်ပါ။{လမင်းစံအိမ်}

နွေးထွေးစွာကြိုဆိုလျှက်ပါ

နွေးထွေးစွာကြိုဆိုလျှက်ပါ
{လမင်းစံအိမ်}

Friday, August 3, 2012

ဝါဆိုလပြည့်နေ့၏ အမှတ်တရပေါ့

ဒီနေ့ဝါဆိုလပြည့်နေ့  ဓမ္မစကြာအခါတော်နေ့၌
ကျွန်မတို့ညီမတစ်စု ဘုန်းကြီးကျောင်းသို့ သီလယူရန် သွားရောက်ခဲ့ပါတယ်။
ကျောင်းရောက်တော့ ကုသိုလ်ရှင် အလှူ့ရှင် တို့က  ကျောင်းသို့ရောက်ရှိလာတဲ့
ဥပုသ်သည်များကို မုန့်ဟင်းခါး ဖြင့် ကျွေးမွေးဧည့်ခံ
ကုသိုလ်ပြုနေတာကိုတွေ့ရပါတယ်။  ကျွန်မတို့ရောက်သွားတော့ အလှူရှင်က
မုန့်ဟင်းခါးစားဖို့ခေါ်ပါတယ်။ ဒါနဲ့ကျွန်မတို့ညီမတစ်တွေကလည်း အလှူရှင်တွေရဲ့ သဒ္ဒါတရားကို လေးစားခြင်းအားဖြင့် မုန့်ဟင်းခါးဝင်ရောက်စားခဲ့မိတာပေါ့။ နဂိုရ်က မုန့်ဟင်းခါးကြိုက်တတ်တဲ့ ကျမလေ.။ နှစ်ခါမခေါ်ရဘူးပေါ့ ဟဲ ဟဲ။
မုန့်ဟင်းခါးစားပြီးတော့ အချိန်ကလဲစောနေသေးတာနဲ့ ကဲ တို့ညီမတစ်တွေ
ဘုန်းကြိးကျောင်း ရောက်တုန်းလေး ကုသိုလ်ယူရအောင်ဆိုပီး လိုက်ကြည့်တော့
စားပြီးသားပန်ကန်တွေဆေးမဲ့သူကမရှိခဲ့။ အငြိမ်မနေတတ်တဲ့ ညီမတို့ညီမတစု ကဲ သူများတွေက ပိုက်ဆံတွေနဲ့ အလှူဒါနတွေ ပြုလုပ်ကြတယ်။ ငါတို့လဲ ဝေယျာဝစ္စကုသိုလ်ပါဝင်မယ်ဆိုပြီး ဆေးစရာပန်ကန်တွေလဲ ပုံနေတာတွေ့တာနဲ့ ကဲ တို့ ညီမတစ်တွေ
ဆေးကျောင်းသူ လုပ်လိုက်ကြရအောင်ဆြိုပီး စားပြီးသား ပုဂံတွေဆေးကြောရင်းဖြင့် ပျော်ပျော်ပါးပါးပဲ
ပန်ကန်တွေဝင်ဆေးခြင်းဖြင့် ဝေယျာဝစ္စ
ကုသိုလ်ပါဝင်စေခဲ့ပါတယ်။   ၀ါဆိုလပြည့်နေ့မို့လား မပြောတတ် ဥပုသ်သည်တွေ
လဲ များမှများ ကျမတို့ ဗုဒ္ဒဘာသာတွေရဲ့ အထွဋ်အမြတ်နေ့တနေ့လည်းဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ကုသိုလ်ရှင်တွေရဲ့လာပါမုန့်စားပါအုံးလို့
ခေါ်ကျွေးနေတဲ့ မြင်မိပြန်တော့လဲတော့ ကျွန်မလဲ ကျွန်မရဲ့ရင်ထဲမှာ ငါလဲ တနေ့ကျွေးမွေးကုသိုလ်ယူချင်မိခဲ့ပါတယ် ။
ဒီလိုနဲ့ နေ့လည်နေ့ခင်း ကျောင်းမှာ အာနာပါနလေး ရှုမှတ်လို့ ရင်ထဲမှာအလိုလို ပီတိလေးတွေ ဖြာမိခဲ့တယ်ပေါ့။ အော် တကယ်တန်း ပြန်စဉ်းစားကြည့်ရင် ဒီနေ့ ဟာ မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးလို့ ကောဏ္ဍည အစရှိတဲ့ ပဉ္စ၀ဂ္ဂီ (၅) ပါးတရားဦးဟောတဲ့နေ့မြတ်ဖြစ်ခဲ့တယ်ဆိုတာ သိခဲ့ရတော့ အော် ငါလည်းဒီနေ့ မြတ်စွာဘုရားဓမ္မစကြ်ာတရားဦးဟောရာနေ့ဖြစ်ခဲ့လို့ ညအချိန်မှာ ဓမ္မစကြ်ာလေးလည်း ရွတ်ပွားမယ်လို့ စိတ်အစဉ်မှာ တွေးပြီးပီတိလေးတွေဖြာနေခဲ့တယ်.။ ညနေဘုန်းကြီိးကျောင်းက အပြန်ပေါ့။ အမလို ရင်နှီးနေတဲ့ အမအိမ် ၀င်မိခဲ့တယ်ဆိုရင်ပဲ ကုသိုလ်တွေ တခုပြီးတခု ရစေခဲ့တယ်လေ။ အမ ကလဲ
သူကိုးကွယ်တဲ့ဘုန်းကြီးကျောင်းမှာ သွားပြီး ၀ါဆိုသင်္ကန်းကပ်မယ်
ကဲ ညီမတို့လဲလိုက်ခဲ့ကြတဲ့ ဒီနေ့အဖို့ ကျမရဲ့သန္တာန်မှာ ကုသိုလ်လေးတွေ ဆင့်ကာဆင့်ကာဖြစ်စေခဲ့ရပါတယ်။ အမနဲ့အတူ ကျောင်းသို့ ထပ်မံလိုက်ခဲ့ရပြန်ပါတယ်။ ကျောင်းရောက်ပြန်တော့လဲ ဝေယျာဝစ္စ၀ိုင်းကူလုပ်ကြအုံးဆိုလို့
ဝိုင်းကူပြုလုပ်ပေးပြီး ထပ်ဆင့်ဝေယျာဝစ္စကုသိုလ်ဖြစ်စေခဲ့ရပါတယ်။ ကျွန်မတို့ညီမတစ်စုမှလည်း
ဘုန်းကြီးကျောင်းသို့ ၀ါဆိုသင်္ကန်း ကပ်လှုခဲ့ပါတယ်
ကျောင်းကပြန်လာပြီး ရေမိုးချိုးခဏနား ည 7
နာရီလောက်မှာ ကျွန်မတို့ရွှေဘိုမြို့ရဲ့ ကျက်သရေဆောင် တန်ခိုးကြီးဘုရား
ချမ်းသာကြိးချမ်းသာရသို့ ဘုရားဝတ်ပြုရန်နှင့် ဘုရားရွှေသင်္ကန်းလှူရန်နှင့် ပန်းရေချမ်း ဆီးမီး ကပ်လှူရန်သွားရောက်ခဲ့ပါတယ်။ ည ၇နာရီဆိုတဲ့အချိန်မှာ လမ်းလျှောက်ရင်းနဲ့ ဒီနေ့တနေ့တာရဲ့ ကျမရဲ့သန္တာန်မှာ ကုသိုလ်လေးတွေ လုပ်ခဲ့သမျှ တွေးရင်း စိတ်ကူးရင်း ရွှေဘိုမြို့ရဲ့ ည အချိန်လေးမှာ လမ်းလျှောက်ရတဲ့ အရသာဟာလည်း အင်မတန်ပဲ ပျော်ရွှင်စရာပေါ့။ ဘုရားရောက်တော့ဘုရားရှေ့မှာ ဘုရားပန်းရောင်းတဲ့သူတွေနဲ့ ဘုရားရွှေဆိုင်းရောင်းသူတွေဟာ ဘုရားဖူးလာတဲ့သူတွေ အဆင်သင့်ဖြစ်စေခဲ့သလိုတွေ့မိပြန်တော့လဲ ဘုရားပန်းများရွှေဆိုင်းများဝယ်ကာ ဘုရားသို့လှူရန် ၀ယ်ခဲ့ပါတယ်။ဘုရားဝင်းထဲမှာ လူတွေဟာလည်း ပြည့်
နက်နေတယ်ပေါ့။ ကျမတို့ရဲ့ ရွှေဘိုမြို့ကျက်သရောဆောင်ဘုရားရင်ပြင်ပေါ်မှာတွေ့လိုက်ရတဲ့ ဗုဒ္ဒဘာသာဝင်တွေဟာ ကျမလေ ကျက်သီးမွှေးညှင်းများတောင်ထမိပါရဲ့ ဘုရားပန်းလှူသူ.ဘုရားရွှေဆိုင်းကပ်သူ.တွေဟာ ရင်ထဲမှာ ပြောမပြတတ်အောင် တွေ့မြင်ခဲ့ရပြန်တော့ ကျမတို့လည်း ဂြိုလ်ပြေ
နံပြေဘုရားမှာ ရေကြည်တော်ကပ်လှူခဲ့တယ်။ ၊
ဆီမီးအမွေးတိုင်များလည်း ကပ်လှူပူဇော်ကုသိုလ်ပြုခဲ့ပါတယ်။ ဒီ လိုနဲ့ ဘုရားပရိဝုဏ်ထဲမှာ ဘုရားကိုရွှေချပြီး မိမိပြုခဲ့သမျှ ကုသိုလ်တွေကို ၃၁ ဘုံသားတွေအမျှတမ်းပေးဝေခဲ့ပါတယ်။ ၀ါဆိုလပြည့်နေ့တနေ့တာလေးရဲ့ ကျမပြုလုပ်ခဲ့တဲ့ ကုသိုလ်လေးတွေကို အို စာဖတ်သူ သင်အတွက်လည်း ကုသိုလ်လေးတွေ ပါဝင်စေအောင် သင်လည်း သာဓုခေါ်လိုက်ပါလို့။
ကျောင်းမှာရှိတဲ့ သံဃာတော်တွေအတွက် ကြက်သွန်သုတ် ၊ သံပုရာရည်ဖျော် ၊ တို့ကို
ကျမတို့ ညီမတစုရဲ့ဝါဆိုလပြည့်နေ့ရဲ့ ဝေယျာဝစ္စကုသိုလ်လေးပါ



            

3 comments:

  1. ဟဲဟဲ တော်လိုက်တဲ့ မမပါလားဗျာ သာဓု သာဓု သာဓု ပါဗျာ

    လရောင်ထိန်ပြောင် ကျက်သရေဝင်းပ

ေ၇ွှဘိုအလှက မေပျိုနှမတို့ေ၇

    ဝမ်းသာကြည်နူး နှလုံးပီတိ

    ဂွမ်းစည်ထိနှယ် ထူးမြတ်ဝါဆို

    ကြုံရလေပေါ့ ပန်းရေချမ်းအေး

    ဆီမီးလေးရယ် သစ်သီဆုံဖွယ်

    လှူမယ်ညီမတို့ရယ်

    တို့များကောင်းမူ အကြောင်းစုလို့

    ကောင်းမူဆုချွေ ရကြပါစေ

    ချစ်မိတ်ဆွေတို့ရေ ..............................

    ReplyDelete
  2. မောင်လေးဆိုက်တော့မလာနဲ့နော် ဘာမှမရှိဘူး အချိန်မပေးနိင်လို့ အကောင့်ဘဲလုပ်ထားတာ ဟဲဟဲ ပြန်လာလို့ လိုက်မပို့လို့ကတော့ ဟွန့်တွေမယ်

    ReplyDelete
  3. တိဝူးးးးနော်....ချိတ်ပဲကောက်တက်တယ်..ဒါပဲ...နိုမယ်.....

    ReplyDelete

LinkWithin